နွားထိုးကြီး ဇန်နဝါရီ ၄
နွားထိုးကြီးမြို့၊အမှတ်(၁)ရပ်ကွက်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီ(၄)ရက်၊နံနက်၄နာရီ၊မိနစ်၂၀က ပြု လုပ်ကျင်းပခဲ့ပြီး၊နံနက်၇နာရီ အချိန်တွင် နိုင်ငံတော်အလံအလေးပြုပွဲကို ကျင်းပခဲ့သည်။
နိုင်တော်အလံကို အလေးပြုရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဦးဆောင် ဆောင်ရွက် ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ် လွှာ ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ဖက်ကြားပြီး၊ကျပန်းစကားပြောပြိုင်ပွဲနှင့်စာစီစာ ကုံးပြိုင်ပွဲတွင် ဆုရရှိသူများအားဆုချီးမြှင့်ခဲ့သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်း ညွှန် ချက် နှင့်အညီတစ်ဦး နှင့်တစ်ဦး(၆)ပေအကွာတွင်နေရာယူ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် အလံကို လွင့်တင်ပြီး တက်ရောက်သူများမှ နိုင်ငံတော်အလံကို အလေးပြုခဲ့ကြသည်။
အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်