မော်လမြိုင်ကျွန်း၊ ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်လွတ်လပ်ရေးပန်းခြံ၌ ဇန်နဝါရီလ ၄ ရက်နေ့နံနက်ပိုင်းကဖြန့်ဝေပေးခဲ့သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှပေးပိုသော သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများဆရာ/ဆရာမများ၊ အလယ်တန်းနှင့်အထက်တန်းအဆင့်ကျောင်းသားကျောင်းသူများသို့ လက်ကမ်းစာစောင် စောင်ရေ(၂၅ဝ)စောင်အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းယုမော်နှင့်ဝန်ထမ်းများမှအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အောင်အောင်