မိုးမောက် ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် လူငယ်လူရွယ်များအား အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ စာရေးဆရာ ခင်စောတင့် ရေးသားသော "ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်" စာအုပ်ဖြင့် ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များ ရှင်းလင်းပြောကြားပြီး မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဝေက ယနေ့ခေတ် Mobile Phone များ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု လာနိုင်သည်နှင့်အမျှ ခေတ်မှီတိုးတက်မှုရှိလာသော်လည်း စာအုပ်စာပေဖတ်ရှုလေ့လာမှု ကျဆင်းလာနေကြောင်း၊ ယခုခေတ်လူငယ်များအနေဖြင့် စာဖတ်အားနည်းလာကြောင်းနှင့် မည်သည့် စာအုပ်စာပေမျိုးကိုမဆို ဖတ်ရှုလေ့လာသင့်ကြောင်းတို့ကို ဆွေးနွေးပြောကြား ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူ မနန်းကလျာ အောင်က "ဆုံဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်" စာအုပ်တွင် ပါရှိသော ရိုးသားဖြောင့်မတ်သော ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ မထွယ်ဆိုင်းလုံက ထွက်ပေါက် မရှိဘူးလား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေချစ်မြတ် နိုးသူ မလုဆိုင်းအောင်က မိမိကိုယ်ကို ကြင်နာပါ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဖတ်ကြား၍ မိမိအတွေး မိမိအမြင်များကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူ လူငယ်လူရွယ်များတို့က အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်