ကျောက်ပန်းတောင်းမြို့နယ် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် အားကစားဝါသနာရှင်များအတွက်  Online စနစ်ဖြင့်  Physical Fitness Dance အစီအစဉ် တင်ဆက်ပြသ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမနနေ့ နံနက်(၁၀)နာရီက အားကစားဝါသနာရှင်များအတွက် Online စနစ်ဖြင့် Physical Fitness Dance အစီအစဉ်တင်ဆက်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ Online စနစ်ဖြင့် Physical Fitness Dance အစီအစဉ်တင်ဆက်ပြသမှုကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်တင်ဆက်ခြင်းဖြစ်ပြီး၊ မြို့နယ်အဆင့်ပြိုင်ပွဲများအတွက် လေ့ကျင့်သင်ကြားထားသည့် မိန်းကလေးငယ်(၄)ဦးတို့က တင်ဆက်ကပြခဲ့ခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်ကို ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန We Love Kyaukpadaung Facebook Page တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရပြီး၊  အဆိုပါ Page မှ တောင်သူများအတွက် စိုက်ပျိုးရေး/ မွေးမြူရေးဆိုင်ရာ အသိပညာပေး Talk Show များနှင့် စာပေဝါသနာရှင်များအတွက် စာအုပ်မိတ်ဆက်ခြင်းများ၊ အားကစားဝါသနာရှင်များအတွက် အားကစားနည်းများကို ယခုကဲ့သို့ပင် အပတ်စဉ် ထုတ်လွှင့်တင်ဆက်ပေးနေကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)