ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ  ဇန်နဝါရီ  ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ ကိုယ်ရည် ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန် ရည်ရွယ် ၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၅)ဦးက "သူများမကောင်းကြံဘေးအက်ထိ"၊ "ကြက်မိသားစု"၊ "ကျေးဇူးသိတတ်သောပုရွက် ဆိတ်" ၊ "အကြံဉာဏ်ကောင်းသောဖေဖေ" နှင့် "ယုန်ကလေးဖြူဖြူ" စသည့်ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ပြီး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၅)ဦးက "ကောက်ညှင်း ပေါင်း"၊ "လမ်းလျှောက်မယ်"၊ "ဇန်နဝါရီလ"၊ "ဆောင်းရာသီ"နှင့် "ဗုံကြီးတစ်လုံး" စသည့် ခေါင်းစဉ်များဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်  နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)