အုတ်တွင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 18,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ ဦးဆောင်ပြီး ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့ပေါ်၊ ရပ်ကွက်များအတွင်းသို့ မီးသတ်မော်တော် ယာဉ်ဖြင့် လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။