မြောင်းမြမြို့နယ်တွင် ပထမအသုတ်  တတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

 မြောင်းမြ  ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊​ မြောင်းမြမြို့နယ်အတွင်း ကန်ချောင်ကျေးရွာအုပ်စုနှင့် မဒေါ့ပင်ကျေးရွာအုပ်စု အတွင်းရှိ အသက် (၁၈) နှစ်အထက် ပြည်သူများအား ပထမအသုတ် တတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

မြောင်းမြမြို့နယ်၌ ဒီဇင်ဘာ ၁၇  ရက်နေ့ မနက်(၈) နာရီ မှ ညနေ(၅)နာရီအထိ အသက် (၁၈) နှစ်အထက် ပြည်သူများ ၊ ကိုဗစ် ကာကွယ်ဆေး လုံးဝမထိုးနှံရ​ သေးသူများအား  ပထမအသုတ် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် စီစဉ်ထားရှိ​ပြီး ယနေ့တွင် ကန်ချောင်ကျေးရွာအုပ်စုမှ ပြည်သူ(၂၇၃) ဦး နှင့် မဒေါ့ပင် ကျေးရွာမှ ပြည်သူ (၂၅၉) ဦး စုစုပေါင်း (၅၃၂) ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ ဖြူစင်စေတနာ နယ်လှည့် ဆေးကုသရေးအဖွဲ့မှလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာကာကွယ်ဆေးထိုးရန် လာရောက်သူများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။

မြောင်းမြမြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ဆေးထိုးအဖွဲ့ (၂၀)ဖွဲ့စည်း၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာကြည် (ခရိုင်ပြန်/ဆက်)