ကျိုက်လတ် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် ကိုဇော်ဌေး (ယဉ်ကျေးမှု)၏ “လူကုန်ကူးမှုပပျောက်ရေး ဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show တွင် ကျိုက်လတ်မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဝင်းပပအောင်တို့က ကိုဇော်ဌေး (ယဉ်ကျေးမှု)၏ ဆောင်းပါးမှ လူကုန်ကူးခြင်း၊ လူမှောင်ခိုခြင်း၊ လူကုန်ကူးမှုပုံစံ၊ ခေတ်သစ် ကျေးကျွန်စနစ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုပပျောက်ရေး စသည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်လတ် မြို့နယ်ရုံးမှ ပြည်သူများ အသိပညာတိုးပွားစေရေးအတွက် Online မှ တစ်ဆင့် Talk Show များ ပြပွဲပြိုင်ပွဲများ၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာဖတ်ဝိုင်းများ အပါအဝင် အခြားဗဟုသုတရဖွယ် အစီအစဉ်များကို ကျိုက်လတ်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ဌေးဌေးလှိုင်