ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ်ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မိဘပြည်သူများအနေဖြင့် နိုင်ငံရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများအား လေ့လာကြည့်ရှု မှတ်သားသိရှိ နိုင်စေရေးအတွက် ဦးစီးဌာနရုံးအရှေ့ရှိ မြေစိုက်နံရံကပ် ဘုတ်တွင် အသိပညာပေး နံရံကပ် စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများအား လစဉ်အသစ်လဲလှယ်ပြီး ပြသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ပြသဆောင်ရွက်လျက်ရှိရာတွင် ယနေ့နံနက်ပိုင်းအချိန်က မိဘပြည်သူများ လေ့လာ ဖတ်ရှုသိရှိနိုင်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၏ ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ ဆောင်ရွက်ပြသထားလျက် ရှိကြောင်း သိရသည်။
အဆိုပါမြေစိုက်နံရံကပ်ဘုတ်၌ ဆောင်ရွက်ပြသထားလျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများအားချမှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ၌ မိဘပြည်သူများအနေဖြင့် အလွယ်တကူ လေ့လာဖတ်ရှုမှတ်သား အကျယ်တဝင့် သိရှိနိုင်စေရေးအတွက် နိုက်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ဆောင်ရွက်မှုမှတ်တမ်း ဓာတ်ပုံများနှင့် ဦးတည်ချက်(၉)ရပ်၏ ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာများအား အများပြည်သူများ အလွယ်တကူတွေ့မြင် သိရှိနိုင်စေရေး အတွက် ပြသထားလျက်ရှိကြောင်းသိရသည်။
မျိုးမင်းဦး