သတင်းများ

ဖြူးမြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းသရုပ်ပြ
Dec 18,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ခြောက်သွေ့သည့် ကာလရောက် လာသည်နှင့်အမျှ မီးလောင်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ကာ ဈေးသူဈေးသားများ မီးဘေးကြိုတင် ကာကွယ်နိုင်ကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့မီးငြှိမ်းသတ်နိုင်ကြစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်(၉) နာရီ အချိန်က ဖြူးမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်အကျဉ်း ဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေး
Dec 18,2021
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရုံးဌာနများ၊ စက်ရုံ၊ အလုပ်ရုံများ၊ စျေးများနှင့် ရပ်ကွက်/ကျေးရွာများ အလိုက်မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူများက အကျဉ်းဦးစီးဌာနဝန်ထမ်းများအား အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေးကြောင်းသိရသည်။
ပခုက္ကူမြို့ အ.ထ.က-၁ ၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြော၊ အားကစားပစ္စည်းများ ထောက်ပံ့
Dec 18,2021
ပခုက္ကူ ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက်နံနက် ၉ နာရီက အ.ထ.က-၁ (ပခုက္ကူ)၊ ခန်းမ၌ ကျင်းပသည်။
တာမွေမြို့နယ်ရှိ မအူကုန်းလမ်းကျယ်တစ်လျှောက် ကတ္တရာလမ်း အမျိုးအစား ထပ်ပိုးလွှာခင်းခြင်းဆောင်ရွက်
Dec 18,2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်အတွင်း သန့်ရှင်းသာယာ လှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့တော်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း  တာမွေမြို့နယ်အတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား)ဌာနမှ တာဝန်ရှိသူများက တာမွေမြို့နယ် မအူကုန်းရပ်ကွက်ရှိ မအူကုန်းလမ်းကျယ်တစ်လျှောက် ကတ္တရာလမ်းအမျိုးအစား ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ပခုက္ကူမြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Dec 18,2021
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူမြို့နယ်အတွင်းရှိ စက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ ပြည်သာယာခန်းမ၌ ကျင်းပသည်။
မိုင်းလုံမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁ဝ) နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
တာချီလိတ်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ်ဏ္ဍာရေးနှစ် နိုင်လွန်ကတ္တရာခင်းခြင်းနှင့် လမ်းဘေးရေနုတ် မြောင်းတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်
Dec 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လဘဏ္ဍာရေးနှစ် နိုင်လွန်ကတ္တရာ လမ်းခင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်ရေး လမ်းဘေးရေနုတ်မြောင်းများ တူးဖော်​ခြင်းကို မြို့နယ်စည်ပင်သာယာ​ရေးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ္မတူတွင် အသက် (၁၈) နှစ် နှင့်အထက် တိုင်းရင်းသားပြည်သူ (၃၉၀) ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေး
Dec 18,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈) နှစ်နှစ်အထက် တိုင်းရင်းသားပြည်သူ (၃၉၀) ဦးအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။