မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

မိုင်းယောင်း ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယနေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဝမ်မန်းကျေးရွာအုပ်စုအတွင်းရှိ နောင်ဘိုးရေတားဆည်နှင့် နမ့်တောင် ရေတားဆည် ဆောင်ရွက်နေမှုလုပ်ငန်းများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးစိုင်းဘွန်းစီနှင့် တာဝန်ရှိသူများလိုက်ပါ၍ လုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ပြီး ရေတားဆည်များ ရေရှည်တည်တံ့ကောင်းမွန်စေရန် ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူးများက စည်းရုံးထိန်းသိမ်းသွားကြရန်နှင့်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့သည်။

အရှည်ပေ ၁၂၀ ရှိသော အဆိုပါရေတားဆည်များ ဆောင်ရွက်ပြီးစီးပါက တောင်သူ ၄၇ ဦး၊ လယ် ၁၅၁ ဧကကို အကျိုးပြုမည်ဖြစ်ကြောင်း ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

စိုင်းအောင်ဇော်လင်း