သတင်းများ

ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 24,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းလုံမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ရင်တွင်းစကားသံ
Jan 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ   ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုပဲ သိရပါသည်။
နွားထိုးကြီးမြို့နယ်၌ ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်
Jan 24,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာ ကွယ်ရေးဆိုင်ရာ အချက်များကို အများပြည်သူမျာ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော် ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 24,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါပိုးများကို သတိပြုအ‌လေးနက်ထား ကြိုတင်ကာကွယ်နိုင်စေရေး အတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဂျိုင်း(ကော့ကရိတ်) တံတားသစ် တည်ဆောက်ရေး လုပ်ငန်းခွင်အား ကြည့်ရှု စစ်ဆေး
Jan 24,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်း ကြောင်းပေါ်တွင် တည်ရှိသည့် ဂျိုင်း (ကော့ကရိတ်) တံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ညောင်ဦးမြို့နယ်တွင် အသက် ၁၂နှစ်နှင့်အထက်ကျောင်းသားကျောင်းသူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု ၁၄၁၉၀ ဦးထိုးပေးပြီးဖြစ်
Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အသက်၁၂နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်အထိ ၁၄၁၉၀ ဦးထိုးနှံပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ညောင်ဦးခရိုင် အခြေခံပညာဦးစီးဌာန၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်(ဒုတိယညွှန်ကြားရေး မှူး)ထံက သိရသည်။
 မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧက ၆၀၀ကျော် စိုက်ပျိုးသွားမည်
Jan 24,2022
မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ဝါစိုက်ဧက ၆၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။    
ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များကို လိုက်လံနှိုးဆော်
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)နှင့် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်း ယနေ့နံနက် (၁၀)နာရီက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။