သတင်းများ

ခရိုင်၊မြို့နယ် စီမအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေး
Dec 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာလုပ်ငန်း များအား တွေ့ဆုံဆွေးနွေး ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ စုပေါင်းခရစ္စမတ် ပွဲတော်သို့ တက်ရောက်ပြီး ပူတာအို၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်မြို့များ သာယာလှပဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ညှိနှိုင်းဆွေးနွေး
Dec 18,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ စုပေါင်းခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မနောအိမ်တော်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
စေတုတ္တရာမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်
Dec 18,2021
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟိန်းထက်အောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လိုက်ပါလျက် ဒီဇင်ဘာ ၁၆ ရက်က ထန်းကိုင်းကျေးရွာ၊ စစ်ငန်းကျေးရွာနှင့် မွန်ဇော်ကျေးရွာများသို့ သွားရောက်ပြီး စီးပွားရေးလုပ်ကိုင် ဆောင်ရွက်မှု အခြေအနေ၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု အခြေအနေများကို တွေ့ဆုံဆွေးနွေးပြီး ဒေသခံများက လိုအပ်ချက်များကို တင်ပြရာ လိုအပ်ချက်အလိုက် သက်ဆိုင်ရာဌာန များက ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာ အေးချမ်းသာယာစေရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ကြစေရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့အားကစား အဆင့်အတန်းမြင့်မားရေး အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး
Dec 18,2021
မွန်ပြည်နယ်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေး၊ မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၁ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်ရှိအသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး  ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို  ယမန်နေ့ နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) တွင် ကျင်းပခဲ့ရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊  ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးသည်။
တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Dec 18,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်းမ၌ ဒီဇင်ဘာ(၁၇) ရက်နေ့ နံနက်(၁၁)နာရီက အဆိုပါ ရုံးဝန်ထမ်းများဖြင့် စာရေးဆရာ၏ "စိတ်ထားတတ် မြတ်ပါတယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည် အုပ်စုများအလိုက် ပြည်သူများကို ယနေ့ နံနက်(၉)နာရီ အချိန်မှ စတင်၍ သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ပွင့်ဖြူမြို့နယ်၌ Mobile စနစ်ဖြင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိ
Dec 18,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် မျှ မထိုးနှံရသေးသည့် ပြည်သူများအား Mobile စနစ်ဖြင့် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့ ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် အဖွဲ့(၂)ဖွဲ့ခွဲ၍ ထိုး နှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကနောင်မြို့၌ ကွင်းဆင်းဆောင်ရွက်
Dec 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများသည် ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် ကနောင်မြို့ အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်း ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။