တန့်ယန်းမြို့နယ်တွင် မြို့သာယာလှပစေရေးအတွက် မြန်မာ့ရိုးရာဆွမ်းအုပ်ပုံ တည်ဆောက်နေ
Dec 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့သာယာလှပစေရန်နှင့် ပြည်သူများ စိတ်အပန်းပြေစေ နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ပန်းခြံများ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ကွင်းများ၊ လမ်းဆုံများနှင့် လမ်းဘေးဝဲယာတို့တွင် အမြင်တင့်တယ်စေရန် မြေယာရှုခင်းနှင့် ပန်းအလှစိုက်ခင်းများကို ဆောင်ရွက်ပေးနေရာ ဗိုလ်ချုပ်လမ်းမကြီးနှင့် အမှတ်(၁၀)ရပ်ကွက် လမ်းဆုံနေရာ၌ မြန်မာမှုလက်ရာတို့ဖြင့် မြန်မာ့ရိုးရာ ဆွမ်းအုပ်ပုံကို တည်ဆောက်နေ လျက်ရှိသည်။