ဘုတ်ပြင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်ဝိုင်းကျင်းပ
Dec 17,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ (၃)နာရီ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ် သူအချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့် အသိပညာဗဟုသုတ မြင့်မားပြီး စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာရေးဆရာ ကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစုသားရွှေဥ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြလုပ်ခဲ့သည်။