ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ရွှေကူ     ဒီဇင်ဘာ     

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်(ပြန်/ဆက်)ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ် များပူးပေါင်း၍ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၁)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ရွှေကူမြို့နယ်(ပြန်/ဆက်)ဦးစီးမှူး ဒေါ်ခင်ပပသိန်းက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ အောင်သင်း၏ကံ့ကူလက်လှည့်စာအုပ်မှ စာသင်ခြင်းနှင့်စိတ်သင်ခြင်း()()” အကြောင်းကို ဆွေးနွေးကြရာ ဒေါ်ဇာဇာဝင်း (စာဖတ်ပရိတ်သတ်)က စာသာတတ်၍ စိတ်မသင်လျှင် ပညာတတ်လူပေါကြီးများမဖြစ်စေရန် စာသင်ခြင်းဖြင့် စိတ်ကိုပါ သင်သင့် ကြောင်း၊ ဒေါ်မေကြည်ဦး(စာဖတ်ပရိတ်သတ်)က စာတစ်ပုဒ်၊ ဟောပြောချက်တစ်ခု၊ ဆွေးနွေးမှုတစ်ကဏ္ဍကို ဖတ်ရှုနားထောင်ပြီးနောက် အရေးကြီးသည့်အချက်များကို ယူတတ်ရန်လိုကြောင်း၊ မယူတတ်၊ မပြောတတ် လျှင် ထိုသူ၏ဘဝ၌ အောင်မြင်မှုရရန် ခက်ခဲကြောင်း စသည်တို့ကို အသီးသီးဆွေးနွေးခဲ့ကြပြီး ဒေါ်ခင်ပပသိန်းက  စာဖတ်ခြင်းသည် စာသင်ခြင်းပင်ဖြစ်သဖြင့် စာဖတ်ခြင်းဖြင့်ရရှိသည့် အသိပညာ ဗဟုသုတများကို မှတ်သားသင့်ကြောင်း ထိုမှတစ်ဆင့် လိုက်နာဆောင်ရွက်သင့်သည် များကို ဆောင်ရွက် ခြင်း၊ ရှောင်ရှားသည်များကို ရှောင်ရှားခြင်းဖြင့် မိမိဘဝတိုးတက်ရေးအတွက် ဆောင်ရွက်သင့်ကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း  သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)