တောင်ကုတ်မြို့၌ (၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ

တောင်ကုတ် ဒီဇင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို တောင်ကုတ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေးမှ ဖတ်ကြားသည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်  ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေမှူးများ တက်ရောက် ခဲ့ကြသည်။

ဆက်လက်ပြီး အခြေခံပညာကျောင်းမှ စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်သား၊ ကျောင်သူများအား ဆုများချီးမြှင့်ခဲ့သည်။

ထို့နောက်(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် အခြေခံပညာကျောင်းများ၌ စာစီစာကုံးပြိုင်ပွဲများ ရပ်ကွက်များအတွင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့်တွင်း လွန်ဆွဲပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။

စန်ဝင်း (မြို့နယ် ပြန်/ဆက်)