ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မောက်မယ်    ဒီဇင်ဘာ   ၁၆

ရှမ်းပြည်နယ်( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ရန်အတွက် နောက်ဆုံးကျန်ရှိနေသော ဟိုလွိုင်ကျေးရွာအုပ်စု ၊ မြဲလွန်ကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ကြသည့်ဝန်ထမ်းများတို့က အိမ်ထောင်စုဇယားနှင့်အသက်(၁၀)နှစ်ပြည့် ၊ အသက် (၁၈) နှစ်ပြည့် ၊ လဲလှယ် ၊ မိတ္တူ နိုင်ငံသားစိစစ်ရေးကဒ်ပြားများရရှိစေရေးအတွက် ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ(၅၉)ဦးအား ဆောင်ရွက်ပေးပြီး လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့  ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများရရှိရေး ကျန်ရှိနေသေးသည့် ဟိုလွိုင်ကျေးရွာအုပ်စုအတွင်းရှိ ကုန်းမ လန်းကျေးရွာသို့ ယနေ့နံနက်ပိုင်းက ဆက်လက်သွားရောက်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ဦးစီးမှူး  ဦးစိုင်းစိုးစိုးလွင်ထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)