ဒီဇင်ဘာ ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် နယ်မြေဒေသ အခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာ၊ စိန့်ဂျိုးဇက် အသင်းတော် (IDP Camp)တွင် နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်ဒေသမှ ပြည်သူ များအား ယနေ့နံနက် ၁၀ နာရီက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်၊ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းစိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဦးကျော်စိုးနိုင်နှင့် မြစ်ကြီးနားခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးစိုးသန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ရရှိသည့် Vero Cell (Sinopharm)(5 Doses/ 1 Vial) (၂၁)လုံး အသုံးပြု၍ (ပလန) စိန့်ဂျိုးဇက်အသင်းတော် (IDP Camp)တွင် နေထိုင်သည့် အင်ဂျန်းယန်မြို့နယ်မှ ပြည်သူ ကျား(၄၇)ဦး၊ မ(၅၈)ဦး၊ စုစုပေါင်း (၁၀၅)ဦးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။