သတင်းများ

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Dec 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးနှင့် အရေး‌ပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရ ယနေ့ နံနက် (၁၀)နာရီခွဲ အချိန်မှ စ၍ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမဖြစ်ပေါ်စေရေးနှင့်  ပြည်သူများအနေဖြင့် ကိုဗစ်-၁၉  မျိုးကွဲသစ်  အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေးများ မဖြစ်မနေထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ဆည်ကြီးကျေးရွာတွင် တစ်ပိုင်တစ်နိုင် ပုတ်ရက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူပြုနေသည့်အတွက် အဆင်ပြေလျက်ရှိ
Dec 15,2021
မန္တလေးတိုင်းဒေသကြီ ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာတွင် တစ်ပိုင်တစ်နိုင် ပုတ်ရက်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစု စားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူပြုနေသည့် အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ အစေ့ထုတ်ပြောင်းများ စျေးကောင်းရရှိ
Dec 15,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ဒေသခံတောင်သူများ၏ အဓိကစီးပွားရေးမှာ အစေ့ထုတ်ပြောင်း တွင်တွင်ကျယ်ကျယ် စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်သော တောင်သူက ပိုများကြောင်း သိရသည်။ 
လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ဆောင်ရွက်
Dec 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေ ချစ်မြတ်နိုးသူပြည်သူများ၊ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက် မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာချစ်စံဝင်းရေးသားသည့် ”ငယ်ငယ်တုန်းကရစ် ကန်ကြီး ရွာမှာ” စာအုပ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ မြို့ဦးစီးမှူး နော်နီလာအေးမှ စာအုပ် မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် ကလေးအလုပ်သမားလျော့နည်း ပပျောက်စေရေးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများ အသိပညာပေး ​နံရံကပ်စာစောင်ပြသ
Dec 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်စေရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ အသိပညာပေး ​နံရံကပ်စာစောင်ပြသခြင်းကို အုန်းပင်စု ကျေးရွာသို့ ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့သည်။
တွံတေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
Dec 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ဒေသခံပြည်သူများ စာဖတ်၊ စာငှား ပရိတ်သတ်စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။
စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများဆောင်ရွက်
Dec 15,2021
နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် မီးဘေးအန္တရာယ် အသိပေးနှိုးဆော်ချက်များအား စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ စုကလိမြို့ မီးသတ်ဦးစီးဌာနမှ သန္တေမီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ် ကျော်သူမိုးမှ ဦးဆောင်၍ မီးဘေးလုံခြုံရေးနှင့် အသိပညာပေး ဆွေးနွေးနှိုးဆော်ချက်များအား ယနေ့နံနက် ၁၀ နာရီအချိန်က စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက် ခဲ့သည်။
အမာမြို့၊ (၃)ရပ်ကွက်တွင် ချယ်ရီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ (၃)ရပ်ကွက်ရှိ ချယ်ရီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။