အမာမြို့၊ (၃)ရပ်ကွက်တွင် ချယ်ရီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

အမာ       ဒီဇင်ဘာ      ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ (၃)ရပ်ကွက်ရှိ ချယ်ရီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို  တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ အမာမြို့ စည်ပင်သာယာရေး ကော်မတီ၏ (၂၀၂၁-၂၀၂၂)ခု ဘဏ္ဍာရေးနှစ်(၆လဘတ်ဂျက်) ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည် (၆၁၇)ပေ၊ အကျယ် (၁၂)ပေနှင့် ထုထည်အမြင့် (၆)လက်မ ရှိမည်ဖြစ်ပြီး လမ်းခင်းခြင်းလုပ်ငန်းကို  နွေဦးခင်ကုမ္ပဏီမှ တင်ဒါအောင်မြင် ငွေကျပ် (၁၉.၃)သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ချယ်ရီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မှီရေးအတွက် တာဝန်ရှိသူများမှ ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး လမ်းပြီးစီးပါက မြို့ပေါ်ရပ်ကွက်အတွင်း သာယာဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

အမာ