လိပ်သို ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေ ချစ်မြတ်နိုးသူပြည်သူများ၊ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက် မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာချစ်စံဝင်းရေးသားသည့် ”ငယ်ငယ်တုန်းကရစ် ကန်ကြီး ရွာမှာ” စာအုပ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ မြို့ဦးစီးမှူး နော်နီလာအေးမှ စာအုပ် မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့ရုံးပြည်သူ့စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသားကျောင်းသူ၊ သားငယ်သမီးငယ်လေးများ အတွက် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မြို့ဦး စီးမှူးနှင့် ဝန်ထမ်းများက Online မှ တစ်ဆင့် သုတ/ရသ စာအုပ်မိတ်ဆက် အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြောခြင်း အစီအစဉ် ကဗျာလေးတွေ ရွတ်ကြမယ် အစီအစဉ် စက္ကူအရုပ်ခေါက် အစီအစဉ်များကို စဉ်ဆက်မပြတ် လိပ်သိုမြို့ ပြည်သူ့ စာကြည့်တိုက် Page မှ တစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)