စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများဆောင်ရွက်

စုကလိ     ဒီဇင်ဘာ   ၁၅

နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် မီးဘေးအန္တရာယ် အသိပေးနှိုးဆော်ချက်များအား စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ စုကလိမြို့ မီးသတ်ဦးစီးဌာနမှ သန္တေမီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ် ကျော်သူမိုးမှ ဦးဆောင်၍ မီးဘေးလုံခြုံရေးနှင့် အသိပညာပေး ဆွေးနွေးနှိုးဆော်ချက်များအား ယနေ့နံနက် ၁၀ နာရီအချိန်က စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက် ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကျောင်းအတွင်း မီးဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် မီးသတ်ဆေးဘူးအား စနစ်တကျ သုံးစွဲပုံအား ရှင်းလင်းပြောကြားခြင်း၊ ကျောင်းဝင်းအတွင်း မီးချိတ်မီးကပ် များအား စစ်ဆေးခြင်း၊ ပေါ့ဆမီးကြောင့် ဖြစ်ပေါ်လာမည့် အခြေခံအချက်အလက်များအား ကျောင်းသားကျောင်းသူများနှင့် ဆရာ/ဆရာမများအား အသိပညာပေး သရုပ်ပြသခဲ့ကြောင်း သိရှိရသည်။

ပိုပိုအောင်