ဆည်ကြီးကျေးရွာတွင် တစ်ပိုင်တစ်နိုင် ပုတ်ရက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူပြုနေသည့်အတွက် အဆင်ပြေလျက်ရှိ

ဒီဇင်ဘာ  ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီ ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာတွင် တစ်ပိုင်တစ်နိုင် ပုတ်ရက်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစု စားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ  အထောက်အကူပြုနေသည့် အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပုတ်ရက်ရာတွင် ဝါးကိုသာအသုံပြုပြီး ဝါးဆယ်လုံးကို ပုတ်ကြီးတစ်လုံးရကြောင်း ကုန်ကျစရိတ်အနေနဲ ဝါးဆယ်လုံးကို (၅၀၀၀) ရှိကြောင်း တစ်ရက်ကို ပုတ်ကြီးရက်လုပ်ရင် တစ်လုံးပြီးကာ ပုတ်ကြီးတစ်လုံးကို (၁၅၀၀၀)ရရှိကြောင်း (၃၀)ဝင်ပုတ်ဆိုရင် တစ်ရက် ကို နှစ်လုံးပြီးတယ်ဟု ပုတ်ရက်လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းထွန်းနိုင်ထံက သိရသည်။

ပုတ်ရပ်ခြင်းလုပ်ငန်းတွင် ပုတ်အမျိုးအစာအလိုက် စျေးနှုန်းရရှိကြောင်းနှင့် (၃၀)ဝင်၊ (၅၀)င်၊ (၆၀)ဝင် များ ရက်လုပ်ပေးရကာ အော်ဒါမှာရင်မှာ သလိုရက်လုပ်ပေးရခြင်းကြောင့် မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူပေး လျက် ရှိကြောင်း  သိရသည်။

ခရိုင် ပြန်/ဆက် (ရမည်းသင်း)