ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်     ဒီဇင်ဘာ      ၁၅

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးနှင့် အရေး‌ပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရ ယနေ့ နံနက် (၁၀)နာရီခွဲ အချိန်မှ စ၍ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမဖြစ်ပေါ်စေရေးနှင့်  ပြည်သူများအနေဖြင့် ကိုဗစ်-၁၉  မျိုးကွဲသစ်  အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေးများ မဖြစ်မနေထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

အဆိုပါအသိပညာပေးနှိုးဆော်မှုဆောင်ရွက်ရာတွင်မီးသတ်ဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးသတ်ရေယာဉ်ဖြင့်လှည့်လည်ကာ မြို့ပေါ်ရပ်ကွက်ရှိလူစည်ကားရာ လမ်းဆုံ နေရာများတွင် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွားမှုနှုန်းသည် ယခင်ကထက် လျော့နည်းလာ ပြီသော်လည်းရောဂါကင်းစင်ပပျောက်မှုမရှိသေးသည့်အပြင် ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲ သစ် အိုမီခရွန်ရောဂါ  ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး  နေအိမ် အတွင်း၌သာ နေထိုင်ရန်၊ အိမ်တွင်ဧည့်သည်လက်ခံခြင်းလုံးဝမပြုရန်နှင့် မိမိကိုယ်တိုင်လည်း ဧည့်သည် အဖြစ်သွားရောက်ခြင်းလုံးဝမပြုရန်၊ နေအိမ်ပြင်ပသို့မဖြစ်မနေထွက်ခွါပါက (Mask)နှာခေါင်းစည်းစနစ် တကျတပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါဝေဒနာရှင်များရှိရာနေအိမ်များသို့ ဝင်ထွက်သွား လာခြင်းဂရုပြုရန်၊ လေဝင်လေထွက်မကောင်း သောအခန်းများသို့သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်၊လူစုလူဝေးရှောင်ရှားကြရန်၊ လက်ကို  ဆပ်ပြာနှင့်စက္ကန့် (၂၀) ကြာမကြာခဏ စနစ်တကျဆေးကြောရန် ၊(Mask)နှာခေါင်းစည်း မတပ်ဆင်ထားသောဈေးရောင်းချ သူများထံမှဈေးမဝယ်ကြရန်၊အသုံးပြုပြီးသော(Mask)နှင့်တစ်ခါသုံးပစ္စည်း များကိုနေအိမ်အပြင်တွင် စနစ် တကျ စွန့်ပစ်ရန်၊အဝတ်အစားမလဲမီကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့်အနီးကပ် ရှောင်ကြဉ် ရန်စသည်တို့ကိုအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့သွား ရောက်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများ အနေဖြင့်လည်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်တို့ကို အသိပညာပေး နှိုးဆော်တိုက်တွန်းခဲ့ကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)