သတင်းများ

ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကရင်၊မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်
Dec 14,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း များ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။    
ဖျာပုံမြို့၌ ပြည်သူများ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများ အသိပညာပေး နံရံဘုတ်ပြသဆောင်ရွက်
Dec 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတို့ ပူးပေါင်း၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ် (၂)ခုတွင် ပြည်သူများ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများ အသိပညာပေး နံရံကပ်ပြဘုတ် ပြသဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ပြသဆောင်ရွက် ကြကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ် သင်ပျိုကျေးရွာတွင် ခရမ်းစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ဝင်ငွေရရှိ
Dec 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ သင်ပျိုကျေးရွာတွင် ခရမ်းစိုက်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး  နေ့စဉ်ခူးဆွတ်ရောင်းချ ရသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။
ဒေးဒရဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က မြတ်စေတနာဘိုးဘွားရိပ်သာသို့ အာဟာရဒါနနှင့်ထောက်ပံ့ငွေများပေးအပ်
Dec 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က အမှတ်(၁)ရပ်ကွက်ရှိ မြတ်စေတနာ ဘိုးဘွားရိပ်သာသို့ ယမန်နေ့ နေ့လည်ပိုင်းက အာဟာရဒါနနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ "ပန်းခင်း" စီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Dec 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ "ပန်းခင်း" စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့ပေါ်နှင့် ကျေးလက်ဒေသများထိ တာဝန်ရှိသူတို့က ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်၊ ဟိုပတ်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ''လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့'' ပန်းခင်းစီမံချက်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့ထိ ဟိုပတ်ကျေးရွာအုပ်စုအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့‌နယ်တွင် အသက်   ၁၈ နှစ် အထက် ပြည်သူများအား သတ်မှတ်စုရပ် အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဖြင့်  နေ့စဉ် (တနင်္ဂနွေနေ့မှလွဲ၍) ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။ ယမန်နေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့ပေါ်ရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအား  ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရမည့် သူများကို ကွန်ဖြူးရှပ်ကျောင်း၌လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမည့်သူများကို မြို့ကျက်သရေဆောင်ခန်းမတွင်လည်းကောင်းခွဲ၍ ထိုးနှံပေးလျက်ရှိသည်။
ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံ
Dec 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ရှိသူများအား ယနေ့ နံနက်ပိုင်းက ကသစ်တိုင်းအုပ်စု၊ လေးဆူးတန်းဓမ္မာရုံတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။