ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံ

ရွှေတောင် ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ရှိသူများအား ယနေ့ နံနက်ပိုင်းက ကသစ်တိုင်းအုပ်စု၊ လေးဆူးတန်းဓမ္မာရုံတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် မသန်စွမ်းသူများ၊ နာတာ ရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ အပါအဝင် သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ် ထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းအား ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက် ပေးပြီး  ဆေးထိုးခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေး ခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။ ဆေးမထိုးရအုပ်စု မှန်/မမှန် စိစစ် ခြင်းနှင့် ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့် ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုး လက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ်တုံ့ပြန်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့ပြီး ဆေးထိုးပြီးသူများအား မိနစ်(၂၀)ကြာ စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)