ဒေးဒရဲ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က အမှတ်(၁)ရပ်ကွက်ရှိ မြတ်စေတနာ ဘိုးဘွားရိပ်သာသို့ ယမန်နေ့ နေ့လည်ပိုင်းက အာဟာရဒါနနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဘိုးဘွားများ စားသောက်နေထိုင်ရေး အခက်အခဲမရှိစေရန်အတွက် ဒေးဒရဲမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ အဘိုး(၁)ဦး၊ အဘွား(၈)ဦး စုစုပေါင်း ဘိုးဘွား(၉)ဦးအတွက် တစ်ရက်စာအာဟာရဒါန နှင့်ထောက်ပံ့ငွေ(၂၅၀၀၀)ကျပ်ကို ဒေးဒရဲမြို့ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက မြတ်စေတနာဘိုးဘွားရိပ်သာရှိ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အေဇာလင်း