ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနတို့မှ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်းကို ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာ၊ ကျေးရွာဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုး မျိုးမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ယခုသင်တန်း တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ဥတ္တရခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးအွမ်တမ်ဟုန်းမှ သင်တန်းဖွင့်လှစ်မည့် အခြေအနေအား ပြောကြား ခဲ့သည်။ ထို့နောက် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမျိုးက သင်တန်းသား သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့သည်။
အဆိုပါသင်တန်းတွင် လူသုံးကုန်တွင် အသုံးပြုသည့် ဓာတုဗေဒပစ္စည်းများအကြောင်း၊ အဝတ်လျော် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ သဘာဝခေါင်းလျှော်ရည်၊ လက်သန့် ဆေးရည် (Gel & Spray)၊ Caustic ဖြင့် ဆပ်ပြာခဲချက် လုပ်ပုံအကြောင်းများအား စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းသို့ ဝဲကြီးကျေးရွာအုပ်စုမှ သင်တန်းသား၊ သင်တန်းသူ (၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး (၁၆-၁၂-၂၀၂၁)မှ (၂၀-၁၂-၂၀၂၁)ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)