ခမောက်ကြီးမြို့တွင် တိလောကာရုံပရိယတ္တိစာသင်တိုက် အတက်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိ

ခမောက်ကြီး  ဒီဇင်ဘာ   ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊အမှတ်(၁)ရပ်ကွက်ရှိ ပရိယတ္တိ စာသင်တိုက်ဖြစ်သော တိလောကာရုံ စာသင်တိုက်အတက်လမ်းနှင့် တိလောကာ သရဖူလျောင်းတော်မူဘုရားကြီးအတက်လမ်းအား နယ်စပ်ရေးရာဝန်ကြီး ဌာန၊နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂(၆လ) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် (၀/၅.၄၅၇)မိုင် (အပြီးသတ်) ကွန်ကရစ်လမ်းခင်းခြင်းနှင့် ထို လမ်းပေါ်တွင် (၅)ပေ Box Culvert(၁)စင်း တည်ဆောက်ခြင်း လုပ်ငန်းများအကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ရာတွင်  တိလောကာရုံစာသင်တိုက် အတက်လမ်းနှင့်တိလောကာ သရဖူလျောင်းတော်မူဘုရားကြီး အတက်လမ်းတွင် ကွန်ကရစ် လမ်းခင်းနိုင်ရန်အတွက် စက်ယန္တရားများဖြင့် လမ်းကြမ်းချဲ့ခြင်း၊ မြေဖြိုခြင်း၊ လမ်းညှိခြင်း လုပ်ငန်းစဉ်များအား ကော့သောင်းခရိုင်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အင်ဂျင်နီယာဌာနမှာ တာဝန်ရှိသူများက တာဝန်ယူဆောင်လျက်ရှိပြီး  ကွန်ကရစ်ခင်းရန်အတွက် လမ်းကြမ်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရပါသည်။

ရူပါမြင့်(ခမောက်ကြီး)