ပန်းတနော်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းခြင်း ဆောင်ရွက်

ပန်းတနော် ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့ရာသီ ရောက်ရှိလာသဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး  မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးမောင်မောင်ဦးက မီးသတ်တပ်ဖွဲ့ အနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ဇတ်တိုက်​​လေ့ကျင့်မှု အခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့အစည်းများက ပြန်လည်ဆွေးနွေး ပြောကြားခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ ဆက်)