အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိ

အမ်း - ဇန်နဝါရီလ(၂၀)ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများသည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများပြုလုပ်နိုင်ရန် တောင်ဖီလာကျေးရွာအုပ်စုနှင့် နရုံတောင်ကျေးရွာအုပ်စုများရှိ ကျေးရွာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးလျှက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးလျှက်ရှိပြီး တောင်ဖီလာ ကျေးရွာအုပ်စု မင်းတက်ကျေးရွာတွင် ကျောင်းသားကျောင်းသူ အသက်(၁၈)နှစ် အောက် ကျား ၆၉ ဦး၊ မ ၇၄ ဦးနှင့် အသက် ၁၈ နှစ်အထက် ၅၇ ဦး၊ မ ၁၀၂ ဦး၊ စုစုပေါင်း(၃၀၂)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မွေးတိုး/သေဆုံး/ ပယ်ပျက်/မိတ္တူ (၁၄၄)စောင်အား ဇန်နဝါရီလ(၁၄)ရက်မှ(၁၈)ရက်ထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက် ၍ နရုံတောင်ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ သွားရောက်၍ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများပြုလုပ်နိုင်ရန် ကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင် ဦးစီးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းထွ၌ဇော်က လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ “ပန်းခင်းစီမံချက်”ဖြင့် ပြည်သူအားလုံး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိကိုင်ဆောင် နိုင်ရေးအတွက် ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စနစ်တကျ မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိန်းအသုံးပြုရန် တိုင်းရင်းသားပြည်သူများအား အသိပညာ ပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

စိုးမင်းထွန်း(မြို့နယ်ပြန်/ဆက်)