ကျိုက်လတ်မြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပညာပေး  လိုက်လံနှိုးဆော်

ကျိုက်လတ် ဇန်နဝါရီ  ၂၁

ဧရာဝတီတိုင်း ဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ရာတွင် ပူးပေါင်း ပါဝင်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ကျိုက်လတ်မြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ယနေ့ နံနက် ၉ နာရီ က  မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည် ကြေညာခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကျိုက်လတ် မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ရောဂါကူးဆက်မှု လျှော့နည်း‌ နေသော်လည်း၊ ကိုဗစ်-၁၉  မျိုးရိုး  ဗီ ဇ ပြောင်း  မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါပိုးသည် ရက်ပိုင်းအတွင်း နိုင်ငံ အများအပြား တွင် ကူးစက် ပြန့်နှံ့မှု များပြားလာနေပြီ ဖြစ်ပြီး ၊မြန်မာနိုင်ငံတွင် လည်း‌ ရောဂါပိုး တွေ့ရှိသူ များ ရှိနေပြီ ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်း  များ နှင့် အညီနေထိုင်ကြရန် ၊ မိမိ တွင် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများ သို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှု ခံယူကြပါရန် နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကို ထိထိရောက်ရောက် ကာကွယ် နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို လည်း အကြိမ်ရေပြည့်စွာ မပျက်မကွက် ထိုးနှံကြပါရန် Hand Speaker များဖြင့် လိုက်လံ နှိုးဆော် ကြေညာ ခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်