အုတ်သဲ ကျောက်လုပ်ငန်း လုပ်ကိုင်နေသူလုပ်ငန်းရှင်များ ဥပဒေနည်းဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီလုပ်ကိုင်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

မင်းဘူး   ဇန်နဝါရီ   ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ အုတ်၊ သဲ၊ ကျောက် လုပ်ကိုင် သည့် လုပ်ငန်းရှများအားဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီလုပ်ကိုင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြည့်ရှုခြင်းကို ယမန် နေ့နံနက် ၁၁ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မင်းဘူးမြို့ အမှတ် () ရပ်ကွက်မှ အုတ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ အမှတ်( )ရပ်ကွက်မှ သဲ၊ ကျောက်ထုတ် လုပ်ခြင်းလုပ်ငန်း၊ ရွာပုလဲ၊ ရွာသာယာ၊ ထောက်ရှာပင် ကျေးရွာများမှ အုတ်လုပ်ငန်းနှင့် ကျောက်ကြီးထုတ်လုပ်ခြင်းလုပ်ငန်း၊ စကုမြို့ ဥယျာဉ်ဇင်နှင့် ဓားမနိုင်ကျေးရွာများမှ အုတ်၊ သဲ၊ ကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်က  သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရေး၊ အခွန်ငွေ ပုံမှန်ပေးသွင်းနိုင်ဖို့နဲ့ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီလုပ်ကိုင်ကြရေးတို့ကို ပြောကြားခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် မြို့နယ် စီမံအဖွဲ့ဥက္ကဋ္ဌ နှင့် အတူစီမံအဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)