ပုလော ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့သွားရောက်၍ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အားကစားဆိုင်ရာ အထောက် အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဟန်ကြည်က ကျောင်းသား/ကျောင်းသူများအား အားကစားနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်း၊ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကိုယ်လက်လှုပ်ရှား ကိုယ်ကာယ လေ့ကျင့် ခန်းများ ဆောင်ရွက်ခြင်းများဆောင်ရွက်ခဲ့ပြီး အားကစားဆိုင်ရာ အထောက်အကူပြု ပစ္စည်းများဖြစ်သည့် ခြင်းလုံး၊ ဘောလုံး၊ ဘော်လီဘော ၊ ဘတ်စကတ်စ်ဘော ဘောလုံးများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆင့် ကလက်ခံရယူခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလောပြန်/ဆက်)