သတင်းများ

ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jan 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယနေ့ နံနက် (၈)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။
လပွတ္တာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဒုတိယအကြိမ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို အမှတ် (၈)ရပ်ကွက်၊ အုပ်ချုပ်ရေး မှူးရုံးတွင် ယနေ့နံနက်(၈:၃၀)နာရီအချိန်က ဒုတိယအကြိမ် ကွင်းဆင်း၍ ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပူတာအိုလွင် ပြင်ပတ်လမ်း (၂၅)မိုင်အတွင်း လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
Jan 22,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုလွင်ပြင် ပတ်လမ်း ၂၅ မိုင်အတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပူတာအိုမြို့သို့ လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မော်လမြိုင်ခရိုင်တွင် မာကျူရီ (ခေါ်) ပြဒါးအဆိပ်သင့်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများ အသိပညာပေး (Talk Show) Online မှ ထုတ်လွှင့်တင်ဆက်
Jan 22,2022
လူသားအကျိုးပြု ကမ္ဘာမြေဂေဟစနစ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရန်၊  ပြည်သူလူထုအတွင်း ဂေဟစနစ်ဖြစ်စဉ်များ၏ ပြောင်းလဲမှုဆိုးကျိုးများမခံစားရစေရန်နှင့်  သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး  အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့်  မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက  လူထုအခြေပြုဗဟိုဌာန (Community  Center) ခန်းမတွင် မာကျူရီ(ခေါ်) ပြဒါးအဆိပ်သင့်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများ အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကို Online   မှ ရိုက်ကူးထုတ်လွှင့်ပေးသည်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေ ခေတ္တရာ ပျူမြို့ဟောင်း၊ အပျော်တမ်းစက်ဘီးပွဲတော်‌ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jan 22,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပြည်မြို့၌ ယခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေ ခေတ္တရာပျူမြို့ဟောင်း၊ အပျော်တမ်းစက်ဘီးပွဲတော်‌ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့ နံနက် ၈ နာရီက ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ဒေးဒရဲမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား ဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်၍ အငြိမ်းစားဝန်ထမ်း ပင်စင်လစာများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ကလေးစာဖတ်ခန်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်အကြို ဘောလုံးနောက်ပစ်ပြိုင်ပွဲကျင်းပ
Jan 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဘောလုံးနောက်ပစ်ပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက ရှမ်းရွာသစ်မြို့ မူလတန်းကျောင်းမှ ကျောင်းသား/သူ ကလေးငယ်များနှင့် အတူ ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၊ ကျွဲခြံအခြေခံပညာ အထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ‌ ကွင်းဆင်းဆောင်ရွက်ပေး
Jan 22,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ကျွဲခြံအခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်မှူး ဦးအောင်မြင့်ကြည်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့‌ကြသည်။