သတင်းများ

အင်္ဂပူမြို့သန့်ရှင်းသာယာလှပ အမှိုက်ကင်းစင်စေရေး ဌာနဆိုင်ရာများစုပေါင်း အမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက်
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ၂၂ နံနက် ၇ နာရီအချိန်ခန့်မှစတင်၍ အပတ်စဉ် ဌာနဆိုင်ရာများစုပေါင်းဆောင်ရွက်နေကြ မြို့သန့်ရှင်းသာယာလှပ အမှိုက်ကင်းစင်စေရေးအတွက် အမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက်ကြသည်။
ကျိုက်လတ်မြို့နယ် သန့်ရှင်းသာယာလှပ‌ရေး ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်မှုဖြင့် မြို့သန့်ရှင်း သာယာလှပရေးနှင့် ပြည်သူများ စည်းကမ်းလိုက်နာ လိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်း မရှိစေရန် အသိပညာပေးသည့် အ‌နေဖြင့် သန့်ရှင်းရေး‌ဆောင်ရွက်နှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ က တိလောကမာရဇိန်ဘုရားဝန်း၊ စန္ဒမုနိဘုရားဝန်း၊ ရပ်တော်မူဘုရားဝန်းနှင့် မြို့အဝင်/အထွက်‌ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ကြံခင်းမြို့တွင် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပြီး မြို့တော်သန့်ရှင်းသာယာလှပစေရေး (Clean City) ဖြစ်လာစေရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့တွင် မြို့တော်သန့်ရှင်းသာယာလှပစေရေး (Clean City) ဖြစ်လာစေရန် ယနေ့ နံနက်(၇)အချိန်က မိုင်တိုင်(၂/၀)ကြံခင်း- ဘက်ရဲကားလမ်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများအား ကာကွယ်ဆေးများထိုးနှံပေး
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကျေးလက် ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
တပ်ကုန်းမြို့နယ်တွင် စိန်ရတုပြည်ထောင်စုနေ့ (အကြို) အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြော ပြိုင်ပွဲများကျင်းပ
Jan 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် စိန်ရတုပြည်ထောင်စုနေ့(အကြို) အထိမ်းအမှတ် ကဗျာရွတ်၊  ပုံပြောပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဒုတိယအကြိမ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို အမှတ်(၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက်(၈:၃၀)နာရီအချိန်က ဒုတိယ အကြိမ် ကွင်းဆင်း၍ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါတွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးဝန်း၌ ဝန်ထမ်းအိမ်ယာသစ် (၂)လုံး ဆောက်လုပ်နေမှုများ ကြည့်ရှုစစ်ဆေး
Jan 22,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနတွင် ဆောက်လုပ်လျက်ရှိသည့် ခရိုင်/မြို့နယ် ဝန်ထမ်းအိမ်ယာသစ်(၂)လုံး ဆောက်လုပ်နေမှုများကို ဂန့်ဂေါခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် ခရိုင်/မြို့နယ်တည်ဆောက် လုပ်ငန်းစိစစ်ရေး ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ(၁)နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝါးခယ်မမြို့နယ်‌ဂရမ်းကျေးရွာအုပ်စုတွင် ပြည်သူ(၂၀၇)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
Jan 22,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်(၈)နာရီက ဂရမ်းကျေးရွာအုပ်စုရ ပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက်‌ ပေးခဲ့ကြောင်း သိရသည်။