မော်လမြိုင်ခရိုင်တွင် မာကျူရီ (ခေါ်) ပြဒါးအဆိပ်သင့်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများ အသိပညာပေး (Talk Show) Online မှ ထုတ်လွှင့်တင်ဆက်

မော်လမြိုင်     ဇန်နဝါရီ    ၂၂

လူသားအကျိုးပြု ကမ္ဘာမြေဂေဟစနစ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရန်၊  ပြည်သူလူထုအတွင်း ဂေဟစနစ်ဖြစ်စဉ်များ၏ ပြောင်းလဲမှုဆိုးကျိုးများမခံစားရစေရန်နှင့်  သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး  အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့်  မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက  လူထုအခြေပြုဗဟိုဌာန (Community  Center) ခန်းမတွင် မာကျူရီ(ခေါ်) ပြဒါးအဆိပ်သင့်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများ အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကို Online   မှ ရိုက်ကူးထုတ်လွှင့်ပေးသည်။

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာဦးက မာကျူရီ (ခေါ်) ပြဒါး အဓိပ္ပါယ်ဖွင့်ဆိုချက်၊ မာကျူရီ (ခေါ်) ပြဒါး အသုံးပြုပုံ၊ မာကျူရီ (ခေါ်)ပြဒါး သက်ရောက်မှုများ၊ မာကျူရီ၏ ဇီဝစုဆောင်းခြင်း၊ ရွှေနှင့်မာကျူရီဆက်စပ်မှု၊ မာကျူရီ(ခေါ်)ပြဒါးကြောင့် ကျန်းမာရေးထိခိုက်မှု အဆိပ်သင့်ခြင်းရောဂါ လက္ခဏာများ၊ အဆိပ်သင့်ရန်ဖြစ်နိုင်ချေ  အများဆုံးရှိသူများနှင့်  အဆိပ်သင့်ခြင်းကို မည်ကဲ့သို့လျှော့ချရမည်၊ ကာကွယ်ရမည့် အချက်များကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်းပေးသည်။

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်းမှာ ပြည်သူလူထုအနေဖြင့် အသိပညာဗဟုသုတရရှိ​စေရန် ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက်  လူသားအကျိုးပြု အသိပညာပေးလုပ်ငန်းများကိုလည်း Online မှတစ်ဆင့် We Love Mawlamyine Page တွင် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)