လပွတ္တာ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို အမှတ် (၈)ရပ်ကွက်၊ အုပ်ချုပ်ရေး မှူးရုံးတွင် ယနေ့နံနက်(၈:၃၀)နာရီအချိန်က ဒုတိယအကြိမ် ကွင်းဆင်း၍ ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ ပထမအကြိမ်ကွင်းဆင်း၍ ဆောင်ရွက်ပေးရာတွင် အသက်(၁၆)နှစ်အထက် ကျား(၆)ဦး၊ မ(-၃)၊စုစုပေါင်း(၉)ဦး၊ အသက်(၁၈)နှစ်အထက် ကျား(၄၅) ဦး၊ မ(၃၉)ဦး၊ စုစုပေါင်း (၈၄)ဦးဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ် ကွင်းဆင်း ဆောင်ရွက် ပေးရာတွင် အသက်(၁၆)နှစ် အထက် ကျား(၃)ဦး၊မ(-၁)၊စုစုပေါင်း(၄)ဦး၊ အသက်(၁၈)နှစ်အထက် ကျား(၁၈) ဦး၊ မ(၂၀)ဦး၊ စုစုပေါင်း (၄၂)ဦးကို နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ရာ ကျား(၇၂)ဦး၊ မ(၆၃)ဦး၊ စုစုပေါင်း (၁၃၅)ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ခရိုင်ဦးစီးမှူး ဦးသန်းထွဋ်လွင်၊မြို့နယ်ဦးစီးမှူး ဦးရွှေသာနှင့် ဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကွင်းဆင်း၍ ဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
ယောဧရာ