သတင်းများ

၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်ပညာရေးမှူး ဖလားအခြေခံပညာ ကျောင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာ ကျောင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ယမန်နေ့က မြို့နယ် မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၃)ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 22,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVISHIELD) ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း(၁၄၃)ဦးကို ၎င်းဒုတိယအကြိမ် ကာကွယ်ဆေး(SINOVAC)ထိုးနှံသူ စုစုပေါင်း (၈၆)ဦးကို ၎င်းအသီးသီး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ကျိုက်လတ်မြို့နယ်၌ အသက် (၁၈)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန်   ရည်ရွယ်၍၊  ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၃)ရပ်ကွက် စန္ဒမုနိဘုရားဝန်းတွင် အသက် ၁၈နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်‌ဆေးနှင့် ပထမအကြိမ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၂) ဖွင့်လှစ်
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၂) ကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် သာပေါင်းမြို့ နယ် YGW ကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ
Jan 22,2022
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှစ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ
Jan 22,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျေးရွာအုပ်စု ငါန်းဇွန်မြို့အခြေခံပညာအထက်တန်း ကျောင်း၌ ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ အား အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပသည်။