ရွှေသောင်ယံ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကျေးလက် ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ကာကွယ်ဆေးတစ်ကြိမ် တစ်ခါမှမထိုးနှံရသေးသူ (၁၂၃) ဦးအား ကာကွယ်ဆေး ထိုးနှံ ပေးထားပြီး ကျန်ရှိသူများအားလည်း ဆက်လက်ထိုးနှံလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှလာရောက်၍ ဆေးထိုးသူပြည်သူများအား ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ကိုကိုမောင်