သတင်းများ

ပဲခူးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Jan 20,2022
ပဲခူးတိုင်းဒေသကြီး  ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ၊ လူကြီးလူငယ်၊ ကျောင်းသား/ကျောင်းသူ ကလေးငယ်များအတွက် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးလျက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က ပေါင်းညွမ်(နာဂ)စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသော "ညီညွတ်ခြင်းသည်အင်အား"ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်းအစီ အစဉ်ကို ရိုက်ကူး၍ ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။   
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကို  ကာကွယ်နိုင်ရန်အတွက် ပညာရေးဝန်ထမ်းများအား Booster Dose ကာကွယ်ဆေးထိုးနှံပေး
Jan 20,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကုန်းကျောင်းပရိယတ္ထိစာသင်တိုက်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကာကွယ်ဆေး Booster Dose ကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ပညာရေးဝန်ထမ်း(၁၂၈) ဦးအား စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးအခြေခံဆန်ကော၊ ဆန်ကာယက်လုပ်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကျင်းပ
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ(၂၀၂၁-၂၀၂၂)ခု(၆)လဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးအခြေခံဆန်ကော၊ ဆန်ကာယက်လုပ်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ချက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ မိုးကောင်းဆုတောင်းပြည့်စေတီတော်ကြီး ရင်ပြင်တော်အသစ် ပြန်လည်ပြုပြင်ရန် ပန္နက်တင် အခမ်းအနားနှင့် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားပြုလုပ်
Jan 20,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ မိုးကောင်း ဆုတောင်းပြည့်စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ကျောက်ပြားများ အသစ်ပြန်လည်ခင်းရန်အတွက် ပန္နက်တင်အခမ်းအနားနှင့် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါမိုးကောင်းဘုရားရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 20,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ကမာရွတ်မြို့နယ်၌ ပြည်သူများအား  COVID ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို  မြို့နယ်အတွင်း စုရပ်နေရာသတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများအား အမှတ်(၉)ရပ်ကွက် အ.မ.က(၂)အ​ခြေခံပညာမှုလတန်း​ကျောင်း၌ ကာကွယ်ဆေးထိုး​ပေးခဲ့​ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 20,2022
ရန်ကုန်အနောက်ပိုင်းခရိုင် ဒဂုံမြို့နယ်တွင် ယနေ့(၂၀-၁-၂၀၂၂)ရက်နေ့ နံနက်ပိုင်းက ကျားကူဘုန်းတော်ကြီးသင် ပညာရေးကျောင်းခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
ညောင်လေးပင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယ‌နေ့နံနက်ပိုင်းက တော်ဝိကျေးရွာ လူစည်ကားရာနေရာများ ဖြစ်သော ရွာအ၀င်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။