သတင်းများ

ရန်ကင်းမြို့နယ်၌ မိုးကောင်းဆုတောင်းပြည့်စေတီတော်ကြီး ရင်ပြင်တော်အသစ် ပြန်လည်ပြုပြင်ရန် ပန္နက်တင် အခမ်းအနားနှင့် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားပြုလုပ်
Jan 20,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ မိုးကောင်း ဆုတောင်းပြည့်စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ကျောက်ပြားများ အသစ်ပြန်လည်ခင်းရန်အတွက် ပန္နက်တင်အခမ်းအနားနှင့် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါမိုးကောင်းဘုရားရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 20,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ကမာရွတ်မြို့နယ်၌ ပြည်သူများအား  COVID ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို  မြို့နယ်အတွင်း စုရပ်နေရာသတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများအား အမှတ်(၉)ရပ်ကွက် အ.မ.က(၂)အ​ခြေခံပညာမှုလတန်း​ကျောင်း၌ ကာကွယ်ဆေးထိုး​ပေးခဲ့​ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 20,2022
ရန်ကုန်အနောက်ပိုင်းခရိုင် ဒဂုံမြို့နယ်တွင် ယနေ့(၂၀-၁-၂၀၂၂)ရက်နေ့ နံနက်ပိုင်းက ကျားကူဘုန်းတော်ကြီးသင် ပညာရေးကျောင်းခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
ညောင်လေးပင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယ‌နေ့နံနက်ပိုင်းက တော်ဝိကျေးရွာ လူစည်ကားရာနေရာများ ဖြစ်သော ရွာအ၀င်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
မုံးထမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး မြန်မာ၊ လားဟူနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Jan 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါပိုး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာ၊ လားဟူနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။
ရွာငံမြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာစိုက်ပျိုးသူများ အထွက်တိုးကာ စျေးကောင်းရရှိ
Jan 20,2022
ရွာငံမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကအခြေခံ၍ လုပ်ကိုင်ကြရာ ယခုနှစ်တွင် တောင်သူများအနေဖြင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ရေဆင်းစပ်မျိုးဖြစ်သည့် အထွက်တိုးနေကြာများကို တိုးချဲ့စိုက်ပျိုးလာရာ နေကြာစိုက်တောင်သူများ အထွက်တိုးကောင်း မွန်၍ စျေးကောင်းများရရှိကြကြောင်း နေကြာစိုက်တောင်သူများထံမှ သိရသည်။
ရွှေကျင်မြို့နယ် ဝိုင်ပျဉ်ရေကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဝိုင်ပျဉ်ရေကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝိုင်ပျဉ်ရေကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့ စက်/ဆောင်းဘောက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။