ဒဂုံ ဇန်နဝါရီ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင် ဒဂုံမြို့နယ်တွင် ယနေ့(၂၀-၁-၂၀၂၂)ရက်နေ့ နံနက်ပိုင်းက ကျားကူဘုန်းတော်ကြီးသင် ပညာရေးကျောင်းခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ(၁၃)ဦး ယှဉ်ပြိုင်ခဲ့ရာ(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြို ဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပထမဆု မလှယမင်း၊ ဒုတိယဆု မဧပရယ်စိုး၊ တတိယဆုမောင်အိုက်လော့မှ အသီးသီးရရှိခဲ့ပါသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးဒေါ်မိုးမိုးခိုင်နှင့် ပညာရေးဌာနမှ ဆရာမများက ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့နယ်(ပြန်/ဆက်)