ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ငါန်းဇွန် ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ်၊ ပဉ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆမအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉နာရီမှစ၍ မြို့မဇုံ၊ မြို့သာဇုံ၊ ငါန်းမြာဇုံ၊ ခြင်္သေ့လက်ဇုံ၊ သားကျင်ဇုံ၊ ဂျိုဇုံ၊ သံဘိုဇုံ၊ ရေလည်သောင်ဇုံနှင့် ကုလားရွာဇုံ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အသက်(၁၈)နှစ်နှင့်အထက် စတုတ္ထအသုတ် ဒုတိယအကြိမ် (၁၄)ဦး၊ ပဉ္စမအသုတ် ဒုတိယအကြိမ် (၁၄၉)ဦးနှင့် ဆမအသုတ် ပထမအကြိမ် (၁၁၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေး လျက်ရှိပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက အသက်(၁၈)နှစ်နှင့်အထက ်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ငါန်းဇွန်မြို့နယ် တွင် ဒီဇင်ဘာ ၁၄ ရက်နေ့မှ ဇန်နဝါရီ ၂၅ ရက်နေ့အထိ စတုတ္ထအသုတ် ဒုတိယအကြိမ် (၁၂၂၄)ဦး၊ ဇန်နဝါရီ ၁၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပဉ္စမအသုတ် ဒုတိယအကြိမ် (၁၉၈၆)ဦးနှင့် ဆမအသုတ် ပထမအကြိမ် (၁၄၇၄)ဦး တို့အား ကာကွယ်ဆေး ထိုးနှံပြီးကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)