ညောင်တုန်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ညောင်တုန်း     ဇန်နဝါရီ    ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာပေးTalk Showကို ယမန်နေ့ မွန်းလွဲ ၂နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က စားသုံးကာကွယ်ရေးအသိပညာပေးTalk Showပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းဆွေးနွေးပြီး မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးအတွက် ပြဌာန်းထားသည့် ဥပဒေများ၊ ညွှန်ကြားချက်များ၊ စားသုံးသူပြည်သူများ သတိပြုလိုက်တာရမည့်အချက်များစသည့် စားသုံးသူကာကွယ်ရေးအသိပညာပေးအကြောင်းအရာများကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Pageတွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)