သရက်ချောင်း ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ဦးစီးမှူး ဦးမောင်မောင်လွင် နှင့် ၀န်ထမ်းများက ယနေ့ နံနက်(၁၀)နာရီ အချိန်က ဂုံညှင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ် ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ကျေးလက် နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသက်(၁၀) နှစ်ပြည့် (၉၃) ဦး၊ အသက် (၁၈) နှစ် ပြည့် (၈) ဦး၊ စုစုပေါင်း (၁၀၁) ဦး တို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့်အိမ်ထောင်စုစာရင်းများကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ (၃) ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အေးနွယ်ဝင်း