ကျုံပျော်တွင် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်

ကျုံပျော် ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှု မရှိစေရေး၊နယ်မြေ‌အေးချမ်းသာယာရေး အတွက် လုံခြုံရေးစစ်ဆေးမှုများကို ယနေ့ နံနက်က မြို့အဝင်/ အထွက် အင်းရဲလမ်းဆုံ၌ ပူး‌ပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့  ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  သက်ဆိုင်ရာဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူ များပူးပေါင်း၍ မြို့အဝင်/ အထွက် စစ်ဆေးရေးဂိတ်များ၌ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များအတွင်း လက်နက်ခဲယမ်းနှင့် အန္တရာယ်ကျရောက်စေနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာပါရှိခြင်း ရှိ/ မရှိနှင့် လက်ကိုင်ဖုန်းများအတွင်း ဥပဒေနှင့် ငြိစွန်းသည့် အကြောင်းအရာများပါရှိခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဥပဒေထုတ်ပြန်ချက်များနှင့် ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များကို ပြည်သူများထံသို့   ဖြန့်ဝေပေးခဲ့ပြီး အဆိုပါလက်ကမ်းစာစောင်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ၊ရာဇသတ်ကြီးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတို့တွင် ပါရှိသည့်အကြောင်းအရာများနှင့် ပြစ်မှုပြစ်ဒါဏ်များ ပါဝင်ကြောင်း သိရသည်။

လပြည့်ဦး