မိုင်းယန်း ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် RDT (Tesk Kit)ဖြင့် ရောဂါပိုး ရှိ/မရှိကို အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက မိုင်းလွေကျေးရွာအုပ်စု နတ်မုတ်ကျေးရွာနေ ဒေသခံ ပြည်သူ(၈၄)ဦးအား တာဝန်ရှိသူများနှင့်ကျန်းမာရေးဝန်ထမ်းများမှ သွားရောက်စစ်ဆေးပေးခဲ့ရာ (၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာများသည် မြို့နယ်ပြည်သူ့ဆေးရုံရှိ ကုသရေးစင်တာတွင် ကျန်းမာရေး စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဆေးကုသမှု ခံယူလျက်ရှိပြီး ၄င်းတို့၏နေအိမ်ဝန်ကျင်နှင့် ဆက်စပ်ထိတွေ့သူများကို အသွားအလာများ ကန့်သတ်ထားရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။
မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာပေါင်း(၂၆၇)ဦး စစ်ဆေး တွေ့ရှိသည့်ခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ နေအိမ်သို့ပြန်လည် စေလွတ်သူ(၂၆၅)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး