ဝက်လက်မြို့၌ ဒေခံပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကင်ဝေးစေရန်အတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုနှံပေးခြင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ ကာကွယ်ဆေး လာရောက် ထိုးနှံရန် အသိပညာပေး ဆွေးနွေး

ဝက်လက် ဇန်နဝါရီ  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါဖြစ်ပွားမှု လျှော့နည်းစေရန် အတွက်၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ ဆေးလာရောက် ထိုးနှံရန် အသိပညာပေး ဆွေးနွေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ယမန်နေ့ နံနက် နာရီ အချိန်က ဘုရားကြီး စေတီတော်ဝင်းအတွင်း ကျင်းပပြုလုပ်သည်။

အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ  ပထမအကြိမ် ကာကွယ်ဆေး ထိုနှံထားသော ဒေသခံပြည်သူ ၅၀၀ ဦးကို ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။

စိုးစိုးလှိုင်  ( ဝက်လက်)